Avatar ဆိုတဲ့အပြာရောင်လူသားတွေကိုမသိတဲ့သူမရှိသလောက်ပဲဖြစ်မှာပါ။ Avatar ပထမဆုံးကားကို 2009 ခုနှစ်မှာထွက်ခဲ့ပြီးအရမ်းကိုအောင်မြင်ကျော်ကြားခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အခုမှာလဲ Avatar 2 အနေနဲ့ The Way Of Water ဆိုပြီးထပ်ထွက်လာခဲ့ပါပြီ။
ဒီဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့ဂျိတ်ဆော်လီတစ်ယောက်မိုအက်နဲ့လက်ထပ်ပေါင်းသင်းနေထိုင်ပြီး ကလေးလေးယောက်တောင်ရလာခဲ့ပါပြီ။ အဲ့ဒီအချိန်မှာပဲကမ္ဘာဂြိုလ်ကသူတို့ကောင်းကင်လူသားလို့ခေါ်တဲ့တပ်ဖွဲ့တစ်ခုကသူတို့နဲ့တိုက်ခိုက်ရင်းသေဆုံးသွားခဲ့ကြပါတယ်။ ဒါပေမယ့်သူတို့ရဲ့ခေတ်မှီနည်းပညာတွေကြောင့်သူတို့ရဲ့မှတ်ဉာဏ်ကိုယူပြီးအဗာတာခန္ဓာကိုယ်ထဲကိုပြန်ထည့်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့သူတို့သေအောင်လုပ်ခဲ့တဲ့တရားခံဖြစ်တဲ့ဆော်လီကိုပြန်လက်စားချေဖို့အတွက်ပြန်လာကြတဲ့အခါမှာဆော်လီတို့မိသားစုပင်လယ်မျိုးနွယ်တွေဆီမှာပုန်းရှောင်ခဲ့ရပါတယ်။ ဒါပေမယ့်ဆော်လီတစ်ယောက်သူ့ကိုလက်စားချေမဲ့လူရန်ကမလွတ်နိုင်တဲ့အတွက်မိသားစုကိုလုံခြုံအောင်စောင့်ရှောက်ရင်းပြန်လည်တိုက်ခိုက်မဲ့ပုံကိုတွေ့ရမှာပဲဖြစ်ပါတယ်။
စွန့်စားခန်းဖွင့်နေရမှ နေသာထိုင်သာရှိတဲ့ ဘွတ်ဖိနပ်နဲ့ကြောင်လေး Puss in Boots ဟာ တစ်နေ့မှာတော့ သူ့အသက်ကိုးချောင်းမှာ နောက်ဆုံးအသက်တစ်ချောင်းပဲ ကျန်တော့တယ်ဆိုတာကို သိလိုက်ရတဲ့နောက် ဒဏ္ဍာရီလာဆုတောင်းပြည့်ကြယ်ကို တခြားသူတွေနဲ့ အပြိုင်အဆိုင်ရှာဖွေပြီး အသက်ကိုးချောင်းစလုံး ပြန်ရဖို့အတွက် ကြိုးပမ်းတာကို ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်း၊ animation ကောင်းကောင်းနဲ့ ကြည့်ရှုရမှာပါ။
👉👉👉ဇာတ်လမ်းကြည့်ရန်👈👈👈
ငယ်ငယ်က ကြည့်ဖူးခဲ့ကြတဲ့ Toy Storyထဲက woody နဲ့ အပြိုင်ဇာတ်ကောင် buzz lightyear ကိုအခြေခံပြီး ရိုက်ထားတဲ့ အာကာသ သိပ္ပံဟာသဇာတ်ကားကောင်းလေးတစ်ကားပါ။ အိုင်းစတိုင်းရဲ့ အချိန်သီအိုရီတွေကိုလည်းထည့်သွင်းရိုက်ထားပါသေးတယ်။
အစမှာတော့ buzz တို့ယာဥ်က အမည်မသိ ဂြိုဟ်တစ်ခုပေါ်ကို ဆင်းသက်မိပြီး အန္တရာယ်ရှိလို့ ပြန်ထွက်ခွာဖို့အလုပ်မှာ buzz အမှားကြောင့် အဲ့ဂြိုဟ်မှာ သောင်တင်နေခဲ့ကြပါတယ်။ buzz ကသူ့အမှားတွေကို ပြင်ဆင်ဖို့အတွက်အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။ အဲ့လိုအမှားတွေကိုပြင်ဆင်ဖို့ကြိုးစားရင်း ဘာတွေဆက်ဖြစ်မလဲ။ ပိုပဲမှားသွားမလား။ အမှားကိုပဲပြင်ဆင်နိုင်မလား။ ပြီးတော့ Toy story ထဲမှာ လူဆိုးကြီး zurg ကို buzz က ဘာလို့ အဖေလို့ခေါ်လဲရော မသိချင်ကြဘူးလား…..
ဒီဇာတ်ကားလေးကတော့ Animation, Advendure, Comedy အမျိုးအစားဖြစ်ပါတယ်။ မီနီယမ်ဆိုတာ ကလေးရော လူကြီးတွေပါကြိုက်ကြတဲ့ ဇာတ်ကောင်လေးတွေဖြစ်ပြီး ရယ်ရမှာကတော့ အသေအချာပါပဲ။
ဇာတ်လမ်းအကျဉ်းလေးကတော့ မီနီယမ်တွေဟာ ကမ္ဘာဦးအစကတည်းကအကြမ်းတမ်းဆုံးဗီလိန်ကို လိုက်ရှာရင်း တွေ့ခဲ့သမျှ ဘော့စ်တွေကို တလွဲတွေလုပ်ပြီး ဒုက္ခပေးခဲ့ကြတာပါ။ နောက်ဆုံးမှာတော့ ဂရူ ပေါက်စလေးနဲ့ တွေ့ခဲ့ပြီး ဂရူကလည်း ကမ္ဘာအကောင်းဆုံးဗီလိန်အဖွဲ့ဖြစ်တဲ့ လူမိုက်ကြီး၆ယောက် အဖွဲ့ထဲကို ဝင်ဖို့ကြိုးပမ်းနေချိန်ဖြစ်ပါတယ်။
လူမိုက်ကြီး၆ယောက်အဖွဲ့က ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံးဗီလိန်တွေဖြစ်အောင် ရှေးဟောင်း ဇိုးဒီယမ်းကျောက်တုံးကို သွားယူခဲ့ပါတယ်။ အဲဒီ ဇိုးဒီးယမ်းကျောက်တုံးကို သူတို့လက်ထဲကနေ ဂရူက ခိုးယူလိုက်တဲ့အခါ လူမိုက်ကြီး၆ယောက်အဖွဲ့က ဂရူကို ဘယ်လိုလက်တုံ့ပြန်ကြမလဲဆိုတာ ကြည့်ရှုခံစားလိုက်ပါဦးခင်ဗျာ။
👉👉👉ဇာတ်ကားကြည့်ရန်👈👈👈
အားလုံးစောင့်မျှော်နေမယ်ထင်တဲ့ Sing2 ကတော့ လူတွေကိုဆီကို ပျော်ရွှင်မှုပေးဖို့ ရောက်ရှိလာပါပြီ။ ထွက်ထွက်ချင်းပဲ Nomination ငါးနေရာအထိ ဝင်သွားပြီဖြစ်သလို ဆုတွေလည်းရဖို့အတွက် အလားအလာရှိပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ ဘက်စတာမွန်းတို့အဖွဲ့ဟာ သူတို့ပြဇာတ်ရုံလေးမှာ ကပြနေရာကနေ ကမ္ဘာ့ဂီတမြို့တော်လို့တင်စားရတဲ့ အနုပညာတို့ထွန်းတောက်ရာ ရက်ရှိုးမြို့ကြီးမှာ သွားရောက်ဖျော်ဖြေခွင့်ရဖို့ ကြိုးပမ်းကြပုံနဲ့စထားပါတယ်။ ဒါပေမဲ့ သူတို့အတွက်အခွင့်အရေးကို လွယ်လွယ်ကူကူနဲ့ ရမလာခဲ့သလို ဖျော်ဖြေခွင့်ရပြန်တော့လည်း ဂီတလောကဆီကနေ ပျောက်ကွယ်နေတာ ၁၅နှစ်လောက်ကြာသွားပြီဖြစ်တဲ့ Rockerကြီး ကလဲကာလိုဝေးကိုပြန်ခေါ်ရဖို့တွေ အကြောင်းဖန်လာပါတယ်။ ဒီလိုနဲ့ပဲ အလွဲလွဲအချော်ချော်တွေကြားကနေ သူတို့အိပ်မက်ဖျော်ဖြေပွဲကြီးကို အောင်မြင်အောင်လုပ်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာပါ။
There’s Nothing Holdin’ Me Back၊ Could Have Been Me၊ Break Free၊ Bad Guyစတဲ့ အမိုက်စားသီချင်းတွေအပြင် အခြားသီချင်းအလွင့်ပေါင်းများစွာပါဝင်ပြီး အသံသရုပ်ဆောင်တွေကလည်း Scarlett Johansson၊ Tori Kelly၊ Matthew McConaughey၊ Reese Witherspoon စတဲ့ ဒိတ်ဒိတ်ကြဲတွေဖြစ်လို့ အားလုံးအကြိုက်တွေ့မယ့် ကားကောင်းလေးပါပဲ။
👉👉👉ဇာတ်ကားကြည့်ရန်👈👈👈